ထွက်မြောက်ရာကျမ်း 35:2
သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။-
Common Language Bible
In The King James Version
In Context
3ဥပုသ်နေ့တွင်သင်တို့၏နေအိမ်များ၌မီးကို ပင်မမွေးရ'' ဟုဆင့်ဆို၏။
Read all of ထွက်မြောက်ရာကျမ်း 35
Cross References
Exodus 23:12``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်ကို လုပ်၍ သတ္တမနေ့တွင်နားနေရမည်။ ထိုသို့ပြု လျှင် သင်၏ကျွန်များ၊ သင်ခိုင်းစေသောအခြား အမျိုးသားများနှင့်တိရစ္ဆာန်များသည် အလုပ် မှနားခွင့်ရကြလိမ့်မည်။
Exodus 34:21``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
Numbers 15:32ဣသရေလအမျိုးသားတို့သည်တောကန္တာရ ၌ရှိသောအခါ တစ်နေ့သောဥပုသ်နေ့၌လူ တစ်ယောက်ထင်းခွေလျက်နေသည်ကိုတွေ့ရှိ ကြသည်။-
Luke 13:14ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
Hebrews 2:2ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသောတရားတော်သည်မှန်ကန်သော တရားတော်ဖြစ်သဖြင့် ထိုတရားတော်ကို မလိုက်လျှောက်၊ မနာခံသူမှန်သမျှသည် ထိုက်သင့်သောအပြစ်ဒဏ်စီရင်ခြင်းကို ခံကြရသည်မှန်ပါက၊-