ထွက်မြောက်ရာကျမ်း 35:22
စိတ်စေတနာရှိသောအမျိုးသားနှင့်အမျိုး သမီးတို့သည်ရွှေရင်ထိုး၊ ရွှေနားကွင်း၊ ရွှေလက် စွပ်ရွှေဆွဲကြိုးတို့ကိုအထူးပူဇော်သကာ အဖြစ်ထာဝရဘုရားထံယူဆောင်လာ၍၊
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 35
Cross References
Numbers 31:50သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။-
2 Chronicles 24:9သူတို့သည်ယေရုရှလင်မြို့နှင့်ယုဒပြည် တစ်လျှောက်လုံးရှိလူအပေါင်းတို့အား တော ကန္တာရတွင်ဘုရားသခင်၏အစေခံမောရှေ ကောက်ခံခဲ့သည်အတိုင်း ထာဝရဘုရားထံ တော်သို့အလှူငွေများကိုယူဆောင်လာ ကြရန်ထုတ်ဆင့်ကြေညာလေသည်။-
Nehemiah 7:70ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀ ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသည့်အင်တုံ ၅၀ ယဇ်ပုရောဟိတ်ဝတ်စုံ ၅၃၀ သားချင်းစုခေါင်းဆောင်များ ရွှေ ၃၃၇ပေါင် ငွေ ၃၂၁၅ပေါင် ကျန်ပြည်သူများရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်ပုရောဟိတ်ဝတ်စုံ ၆၇
Isaiah 60:9ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
Ezekiel 16:11သင်ဝတ်ဆင်ရန်ကျောက်မျက်ရတနာများနှင့် လက်မောင်းတွင်ဝတ်ဆင်ရန်လက်ကောက်များ၊ လည်ဆွဲရန်ဘယက်များကိုလည်းကောင်း၊-
Mark 12:41သခင်ယေရှုသည်ဗိမာန်တော်အလှူခံသေတ္တာရှေ့ တွင်ထိုင်လျက် ထိုသေတ္တာထဲသို့ လူတို့ငွေများ ထည့်ဝင်လှူဒါန်းကြသည်ကိုကြည့်ရှုတော်မူ၏။ များစွာသောသူဌေးသူကြွယ်တို့သည်ငွေ အမြောက်အမြားထည့်ဝင်လှူဒါန်းကြ၏။-