ထွက်မြောက်ရာကျမ်း 35:31
သူသည်ထာဝရဘုရားထံတော်မှတန်ခိုးကို ခံယူရရှိသဖြင့်၊ ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံ အမျိုးမျိုးဖော်လုပ်နိုင်သောပညာ၊-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 35
Cross References
2 Chronicles 2:14သူ၏အမိသည်ဒန်အနွယ်ဝင်၊ သူ၏အဖမှာ တုရုမြို့သားဖြစ်ပါ၏။ သူသည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်နှင့်သစ်သားပစ္စည်းအသုံး အဆောင်များကိုပြုလုပ်တတ်၍နီ၊ ပြာ၊ ညို မောင်းသောအထည်များ၊ ပိတ်ချောထည်များ ကိုလည်းယက်လုပ်တတ်ပါသည်။ တီထွင်မှု လုပ်ငန်းအမျိုးမျိုးတွင်ကျွမ်းကျင်၍သူ့ အားအကြံပေးဖော်ပြသည့်ပုံစံအတိုင်း လုပ်ကိုင်နိုင်သူဖြစ်ပေသည်။ သူ့အား အဆွေတော်၏ခမည်းတော်အသုံးပြု ခဲ့သည့်လက်မှုပညာသည်များနှင့်အတူ လုပ်ကိုင်စေပါလော့။-
Isaiah 28:26ဘုရားသခင်သည်သူ့အားအသိဉာဏ်ပေး ထားတော်မူသဖြင့် သူသည်မိမိအဘယ် သို့လုပ်ဆောင်ရမည်ကိုသိ၏။-
1 Corinthians 12:4ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-
James 1:17ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-