ထွက်မြောက်ရာကျမ်း 35:5
သင်တို့သည်ထာဝရဘုရားအား အလှူဝတ္ထု ဆက်သရမည်။ ထာဝရဘုရားအားအလှူ ဝတ္ထုဆက်ကပ်လိုသူတို့သည်ရွှေ၊ ငွေ၊ ကြေးဝါ၊-
Common Language Bible
In The King James Version
In Context
6ပိတ်ချော၊ အပြာရောင်သိုးမွေး၊ ခရမ်းရောင် သိုးမွေး၊ အနီရောင်သိုးမွေး၊ ဆိတ်မွေးအထည်၊-
Read all of ထွက်မြောက်ရာကျမ်း 35
Cross References
Exodus 25:2``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။-
Judges 5:9ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Mark 12:41သခင်ယေရှုသည်ဗိမာန်တော်အလှူခံသေတ္တာရှေ့ တွင်ထိုင်လျက် ထိုသေတ္တာထဲသို့ လူတို့ငွေများ ထည့်ဝင်လှူဒါန်းကြသည်ကိုကြည့်ရှုတော်မူ၏။ များစွာသောသူဌေးသူကြွယ်တို့သည်ငွေ အမြောက်အမြားထည့်ဝင်လှူဒါန်းကြ၏။-
2 Corinthians 9:7လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။-