ထွက်မြောက်ရာကျမ်း 39:43
မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 39
Cross References
Genesis 14:19သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
Exodus 12:28ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
Exodus 40:25ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
Leviticus 16:34သင်တို့သည်ဤပညတ်ချက်များကိုထာဝ စဉ်စောင့်ထိန်းရကြမည်။ ဣသရေလအမျိုး သားတို့ပြုမိသမျှသောအပြစ်မှပြေစေ အံ့သောငှာ ဤဝတ်ကိုတစ်နှစ်လျှင်တစ်ကြိမ် ပြုရမည်။ သို့ဖြစ်ပါ၍မောရှေ သည်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဆောင်ရွက်လေ၏။
Joshua 22:6ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။
2 Samuel 6:18ယင်းသို့ပူဇော်ပြီးသောအခါသူသည် အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နာမတော်ကို အမှီပြု၍လူတို့အားကောင်းချီးပေးတော် မူ၏။-