ထွက်မြောက်ရာကျမ်း 4:31
သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 4
Cross References
Genesis 17:3အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
Genesis 50:24ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
Exodus 3:7ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
Exodus 3:18``သူတို့သည်သင့်စကားကိုနားထောင်ကြ မည်။ ထိုနောက်သင်သည်ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူ ဖာရောဘုရင် ထံသို့ဝင်၍ဘုရင်အား`အကျွန်ုပ်တို့သည် ဟေဗြဲအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်နှင့်ဖူးတွေ့ခဲ့ရပါပြီ။ အကျွန်ုပ် တို့၏ထာဝရအရှင်ဘုရားသခင်အား ယဇ်ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက် ခရီးထွက်ခွင့်ပေးပါ' ဟုလျှောက်ထားလော့။-
Exodus 12:27သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
Exodus 33:10လူအပေါင်းတို့သည်၊ တဲတော်ဝ၌တိမ် တိုက်ကိုမြင်ရလျှင်၊ ဦးညွှတ်ရှိခိုးကြ၏။-