ထွက်မြောက်ရာကျမ်း 40:36
ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။-
Common Language Bible
In The King James Version
In Context
37တဲတော်ကိုမိုးတိမ်တိုက်လွှမ်းလျက်နေသည့် ကာလပတ်လုံး သူတို့သည်ခရီးမထွက် ကြချေ။-
Read all of ထွက်မြောက်ရာကျမ်း 40
Cross References
Exodus 13:21နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။-
Numbers 9:22တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။-
Numbers 10:33ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
Nehemiah 9:19သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
Psalms 105:39ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
2 Corinthians 5:19ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။