ထွက်မြောက်ရာကျမ်း 5:1
ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 5
Cross References
Exodus 4:23ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
Exodus 6:27ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည် မှထွက်ခွင့်ပေးရန် အီဂျစ်ဘုရင်အားတောင်း ဆိုသူတို့သည်ကားအာရုန်နှင့်မောရှေတို့ ပင်ဖြစ်သတည်း။
Exodus 7:16ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။-
Exodus 8:17ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။-
Exodus 9:1ထာဝရဘုရားက မောရှေအား``ဘုရင်ထံ သို့သွား၍ ဟေဗြဲအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားဤသို့မိန့်တော်မူ ၏။ `ငါ့အားဝတ်ပြုနိုင်စေရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
Exodus 10:3မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-