ထွက်မြောက်ရာကျမ်း 6:25
အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 6
Cross References
Numbers 25:7ယဇ်ပုရောဟိတ်အာရုန်၏မြေး၊ ဧလာဇာ၏ သားဖိနဟတ်သည်ထိုအခြင်းအရာကို မြင်ရလျှင် ပရိသတ်ထဲမှထွက်သွား၍ လှံတစ်စင်းကိုင်စွဲလျက်၊-
Numbers 31:6ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-
Joshua 22:31ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
Psalms 106:30သို့ရာတွင်ဖိနဟတ်သည်ထ၍ အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။