ထွက်မြောက်ရာကျမ်း 8:1
ထာဝရဘုရားကမောရှေအား``ဘုရင်ထံ သို့သွား၍`ငါထာဝရဘုရားအားဝတ်ပြု နိုင်ရန် ငါ၏လူမျိုးတော်ကိုသွားခွင့်ပြု လော့။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Exodus 3:18``သူတို့သည်သင့်စကားကိုနားထောင်ကြ မည်။ ထိုနောက်သင်သည်ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူ ဖာရောဘုရင် ထံသို့ဝင်၍ဘုရင်အား`အကျွန်ုပ်တို့သည် ဟေဗြဲအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်နှင့်ဖူးတွေ့ခဲ့ရပါပြီ။ အကျွန်ုပ် တို့၏ထာဝရအရှင်ဘုရားသခင်အား ယဇ်ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက် ခရီးထွက်ခွင့်ပေးပါ' ဟုလျှောက်ထားလော့။-
Exodus 5:1ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
Joshua 8:18ထိုအခါထာဝရဘုရားသည်ယောရှု အား``သင်၏လှံကိုအာဣမြို့ဘက်သို့ချိန် ရွယ်လော့။ မြို့ကိုသင်၏လက်သို့ငါအပ်မည်'' ဟုမိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော် မူသည့်အတိုင်း၊-
Jeremiah 1:17သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
Ezekiel 2:6``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-