ထွက်မြောက်ရာကျမ်း 8:19
ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Genesis 41:24အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
Exodus 9:4သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
Exodus 10:7မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
Exodus 11:7သို့သော်လည်းဣသရေလအမျိုးသားလူ သို့မဟုတ်တိရစ္ဆာန်အားခွေးတစ်ကောင်မျှပင် ဟောင်မည်မဟုတ်။ ဤနည်းအားဖြင့်ငါထာဝရ ဘုရားသည်အီဂျစ်အမျိုးသားနှင့် ဣသရေလ အမျိုးသားတို့ကိုခွဲခြားကြောင်းသင်တို့သိရ ကြမည်' ဟုမိန့်တော်မူ၏။-
1 Samuel 6:9လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
Daniel 2:10ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-