ထွက်မြောက်ရာကျမ်း 9:14
ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 9
Cross References
Exodus 8:10ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်ပြောသည် အတိုင်း ဆုတောင်းပေးပါမည်။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားနှင့်တူ သော အခြားဘုရားမရှိကြောင်းကိုယ်တော် သိပါလိမ့်မည်။-
Leviticus 26:21``သင်တို့သည်ငါ့ကိုအာခံ၍ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင် ငါသည်အပြစ် ဒဏ်ကိုခုနစ်ဆထပ်မံတိုး၍ခံစေမည်။-
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Deuteronomy 28:60အီဂျစ်ပြည်တွင်သင်တို့တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ်ရောဂါဆိုးများကို သင်တို့ ၌တစ်ဖန်ကျရောက်စေတော်မူသဖြင့် သင်တို့နာလန်ထူနိုင်လိမ့်မည်မဟုတ်။-
Deuteronomy 32:39`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
2 Samuel 7:22အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-