ထွက်မြောက်ရာကျမ်း 9:23
မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 9
Cross References
Exodus 20:18လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
1 Samuel 12:17ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
Job 38:22သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
Psalms 29:3ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
Psalms 78:47သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊ သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
Psalms 147:17ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။