ယေဇကျေလအနာဂတ္တိကျမ်း 1:24
သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 1
Cross References
2 Kings 7:6ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
Job 37:4လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
Psalms 29:3ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
Ezekiel 3:13သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
Ezekiel 43:2ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
Revelation 1:15သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။-