ယေဇကျေလအနာဂတ္တိကျမ်း 11:9
သင်တို့အားမြို့ပြင်သို့ထုတ်၍တစ်ကျွန်း တစ်နိုင်ငံသားတို့၏လက်သို့ပေးအပ်မည်။ ငါသည်သင်တို့အားပြစ်ဒဏ်စီရင်ပြီ။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 11
Cross References
Deuteronomy 28:36``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Nehemiah 9:36ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
Psalms 106:41ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ လက်တွင်စွန့်ပစ်၍ထားတော်မူသဖြင့် ရန်သူများသည်သူတို့ကိုအစိုးရကြကုန်၏။
Jeremiah 5:15ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
Ezekiel 5:8သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-