ယေဇကျေလအနာဂတ္တိကျမ်း 13:12
ထိုမြို့ရိုးသည်ပြိုကျလိမ့်မည်။ သို့ဖြစ်၍ သင်တို့ထုံးသုတ်ခဲ့သည့်အကျိုးကားအ ဘယ်မှာနည်းဟု လူတိုင်းပင်မေးမြန်းကြ လိမ့်မည်'' ဟူ၍ဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 13
Cross References
Judges 9:38ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-
2 Kings 3:13ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
Lamentations 2:14သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။