ယေဇကျေလအနာဂတ္တိကျမ်း 16:39
ငါသည်သင့်ကိုသူတို့၏လက်သို့အပ်နှံ မည်။ သူတို့သည်သင်၏မြင့်သောတောင်ကုန်း များ ဝတ်ပြုရာဌာနများကိုဖြိုဖျက်ကြ လိမ့်မည်။ သူတို့သည်သင်၏အဝတ်အစား များနှင့်ကျောက်မျက်ရတနာများကိုယူ ၍ သင့်အားအဝတ်အချည်းစည်းထား ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Leviticus 26:30ငါသည်တောင်ကုန်းများပေါ်တွင်ရှိသောသင် တို့ဝတ်ပြုကိုးကွယ်ရာဌာနများကိုဖျက်ဆီး ၍ နံ့သာပေါင်းပူဇော်ရာပလ္လင်ကိုဖြိုဖျက်မည်။ သင်တို့၏အလောင်းများကိုပြိုကျသောရုပ်တု များအပေါ်တွင်ပစ်ချမည်။ ငါသည်သင်တို့ ကိုစက်ဆုပ်ရွံရှာသဖြင့်၊-
Isaiah 27:9ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
Ezekiel 16:10သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။-
Ezekiel 16:31သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။-
Ezekiel 23:29သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊-
Hosea 2:5သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။