ယေဇကျေလအနာဂတ္တိကျမ်း 17:13
ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 17
Cross References
2 Chronicles 36:13ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
Jeremiah 24:1ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)
Jeremiah 37:1ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-
Ezekiel 21:28``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။'' ``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ ဋ္ဌားကိုအသင့်ထားလေပြီ။ သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။ လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင် တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။