ယေဇကျေလအနာဂတ္တိကျမ်း 18:16
သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 18
Cross References
Job 31:19အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
Proverbs 22:9ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
Proverbs 31:20ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။
Isaiah 58:7ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။
Luke 11:41သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။''