ယေဇကျေလအနာဂတ္တိကျမ်း 20:1
ပြည်နှင်ဒဏ်ခံရသည့်သတ္တမနှစ်မြောက်၊ ပဉ္စမလ၊ လဆန်းငါးရက်နေ့၌ဣသရေလခေါင်းဆောင် အချို့တို့သည် ထာဝရဘုရား၏အလိုတော် ကိုစုံစမ်းမေးမြန်းရန် ငါ့ထံသို့လာရောက်ကြ ၏။ ထိုသူတို့ငါ၏ရှေ့တွင်ထိုင်ကြသောအခါ၊-
Common Language Bible
In The King James Version
In Context
2ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုငါ ကြားရ၏။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
1 Kings 22:15သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။ မိက္ခာက``ချီတက်တိုက်ခိုက်တော်မူပါ။ အရှင် မင်းကြီးသည်အောင်မြင်တော်မူပါလိမ့်မည်။ ထာဝရဘုရားသည်အရှင့်အားအောင်ပွဲခံ စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
Isaiah 29:13ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
Jeremiah 37:17ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
Ezekiel 8:1ငါတို့ပြည်နှင်ဒဏ်ခံရချိန်ခြောက်နှစ်မြောက်၊ ဆဋ္ဌမလ၊ ပဉ္စမနေ့၌ယုဒအမျိုးသားခေါင်းဆောင်များသည်ငါ၏အိမ်တွင်ထိုင်၍ငါနှင့်စကားပြောလျက်နေကြစဉ် အရှင်ထာဝရဘုရား၏တန်ခိုးတော်သည်ရုတ်တရက်ငါ၏အပေါ်သို့ကျရောက်လာ၏။-
Ezekiel 24:1ငါတို့ပြည်နှင်ဒဏ်ခံစဉ်ကိုးနှစ်မြောက်ဒသမ လ၊ လဆန်းဆယ်ရက်နေ့၌ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ထံသို့ရောက်လာ၏။-
Ezekiel 29:1ငါတို့ပြည်နှင်ဒဏ်ခံသောဆယ်နှစ်မြောက်၊ ဒသမလ၊ လဆန်းတစ်ဆယ့်နှစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-