ယေဇကျေလအနာဂတ္တိကျမ်း 20:13
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Exodus 32:8သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
Leviticus 26:15သင်တို့သည်ငါ၏ပညတ်နှင့်အမိန့်တော်များ ကိုမနာခံဘဲ သင်တို့နှင့်ငါပြုသောပဋိညာဉ် ကိုချိုးဖောက်လျှင်၊-
Numbers 14:11ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
Numbers 14:22ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
Numbers 15:31အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏အမိန့်ကိုပစ်ပယ်၍ ပညတ်တော် ကိုတမင်သက်သက်ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူသည်အပြစ်အလျောက်သေ ဒဏ်ခံရမည်။
Numbers 16:45``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။-