ယေဇကျေလအနာဂတ္တိကျမ်း 20:21
``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Numbers 25:1ဣသရေလအမျိုးသားတို့သည်အကားရှား ချိုင့်ဝှမ်းတွင်စခန်းချလျက်ရှိနေကြစဉ် အမျိုး သားအချို့တို့သည်ထိုအရပ်သူမောဘ အမျိုးသမီးတို့နှင့်မှားယွင်းကြ၏။-
Deuteronomy 31:27သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-
2 Chronicles 34:25သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအားယဇ်ပူဇော်ကြလေပြီ။ သို့ဖြစ်၍ သူတို့သည်မိမိတို့ပြုသမျှသောအမှု များအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော် ပေးကြ၏။ ငါသည်ယေရုရှလင်မြို့ကို အမျက်ထွက်လျက်နေပြီဖြစ်၍ ထိုအမျက် ကိုငြိမ်းသတ်ရမည်မဟုတ်။-
Psalms 106:29သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
Lamentations 4:11ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
Ezekiel 13:15``မြို့ရိုးနှင့်တကွယင်းကိုထုံးသုတ်ပေး ကြသူတို့သည် ငါ၏အမျက်တော်ဒဏ်ကို ခံရကြလိမ့်မည်။ ထိုအခါမြို့ရိုးကား ပြိုပျက်လေပြီ။ ယင်းကိုထုံးသုတ်ပေးကြ သူများနှင့်ယေရုရှလင်မြို့တွင်အစစ အရာရာအေးငြိမ်းမှုမရှိဘဲ အေးငြိမ်း သောရူပါရုံကိုမြင်ပါသည်ဟုဆိုကြ သောပရောဖက်များသည် မြို့ရိုးများနည်း တူပျက်စီးဆုံးပါးကြပြီ'' ဟုသင်တို့ အားငါပြောမည်ဟူ၍ဖြစ်၏။ ဤကား ထာဝရဘုရားမိန့်မြွက်တော်မူသော စကားဖြစ်သတည်း။