ယေဇကျေလအနာဂတ္တိကျမ်း 21:10
သတ်ဖြတ်ရန်အတွက်ဋ္ဌားကိုထက်အောင် သွေးထားပြီး။ လျှပ်ပြက်သကဲ့သို့ပြောင်လက်စေရန် တိုက်ချွတ်ထား၏။ ငါ၏သားယုဒအုပ်စိုးသောရာဇလှံတံကြောင့် ရွှင်လန်းဝမ်းမြောက်နိုင်မည်မဟုတ်။ ထိုရာဇလှံတံသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည်။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Esther 3:15မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။
Psalms 89:26သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
Psalms 110:5ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
Isaiah 5:12သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
Isaiah 34:5ထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။-
Jeremiah 46:4သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။