ယေဇကျေလအနာဂတ္တိကျမ်း 21:22
ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Exodus 32:17ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။-
Joshua 6:20ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-
Job 39:25တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
Jeremiah 33:4ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် ၏နန်းတော်သည် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံ ရသဖြင့်ပြိုပျက်ရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင်ငါထာဝရဘုရားမိန့်တော်မူ၏။-
Jeremiah 52:4ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-
Ezekiel 5:12သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။