ယေဇကျေလအနာဂတ္တိကျမ်း 21:31
ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Psalms 18:15အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
Isaiah 14:4ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
Isaiah 37:7ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
Jeremiah 4:7ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
Jeremiah 51:20ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊ သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။ တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။
Ezekiel 14:19``ငါသည်ထိုပြည်အား အနာရောဂါကပ် ဆိုက်စေလျက်အမျက်တော်အားဖြင့် မြောက် မြားစွာရှိသောလူနှင့်တိရစ္ဆာန်တို့ကိုသေ ကြေပျက်စီးစေလျှင်၊-