ယေဇကျေလအနာဂတ္တိကျမ်း 22:8
သန့်ရှင်းသောဌာနများကိုမထီမဲ့မြင်ပြု၍ ဥပုသ်နေ့ကိုလည်းမလေးမစားပြု၏။-
Common Language Bible
In The King James Version
Thou hast despised mine holy things, and hast profaned my sabbaths.
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 22
Cross References
Leviticus 19:30ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
Ezekiel 20:20ငါနှင့်သင်တို့ဖွဲ့ထားသည့်ပဋိညာဉ်၏အမှတ် လက္ခဏာဖြစ်စေရန်နှင့် ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုလည်း သင်တို့အားသတိရစေရန် ဥပုသ်နေ့ကိုသန့်ရှင်းစေကြလော့' ဟုငါ သတိပေး၏။
Ezekiel 20:24ယင်းသို့ပြုရသည့်အကြောင်းမှာသူတို့သည် ငါ၏အမိန့်တော်တို့ကိုပစ်ပယ်ကာ ငါ၏ပညတ် တော်တို့ကိုချိုးဖောက်လျက်ဥပုသ်နေ့ကိုမရို မသေပြုပြီးလျှင် ဘိုးဘေးတို့ကိုးကွယ်ခဲ့သော ရုပ်တုတို့ကိုဝတ်ပြုကြသောကြောင့်ဖြစ်၏။''
Ezekiel 23:38သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-
Malachi 1:6အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-