The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 24 › ယေဇကျေလအနာဂတ္တိကျမ်း 24:17

ယေဇကျေလအနာဂတ္တိကျမ်း 24:17

သင်​ရှိုက်​သည့်​အ​သံ​ကို​လူ​တို့​မ​ကြား​ပါ​စေ​နှင့်။ ဝမ်း​နည်း​ပူ​ဆွေး​သည့်​လက္ခ​ဏာ​ဖြင့်​ခေါင်း​ပေါင်း မ​ပေါင်း​ဘဲ၊ ဖိ​နပ်​မ​စီး​ဘဲ​မ​သွား​မ​လာ​နှင့်။ သင်​၏​မျက်​နှာ​ကို​မ​ဖုံး​မ​အုပ်​နှင့်။ ဝမ်း​နည်း ပူ​ဆွေး​သူ​တို့​စား​သည့်​အ​စား​အ​စာ​ကို လည်း​မ​စား​နှင့်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

Forbear to cry, make no mourning for the dead, bind the tire of thine head upon thee, and put on thy shoes upon thy feet, and cover not thy lips, and eat not the bread of men.

In Context

16ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​အ​ချစ်​ဆုံး​သော သူ​ကို​ငါ​သည်​ရုတ်​တ​ရက်​ရုပ်​သိမ်း​မည်။ သင်​သည် မ​ညည်း​ညူ​ရ။ မ​ငို​ရ။ မျက်​ရည်​မ​ကျ​ရ။-

18ငါ​သည်​နံ​နက်​ပိုင်း​၌​လူ​တို့​နှင့်​စ​ကား​စ​မြည် ပြော​ဆို​နေ​ခဲ့​၏။ ထို​နေ့​ည​နေ​၌​ငါ​၏​ဇ​နီး သည်​ကွယ်​လွန်​သွား​သော်​လည်း နောက်​တစ်​နေ့​၌ ငါ​သည်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြု​၏။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 24

Cross References

Leviticus 10:6ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။-

Leviticus 21:10ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ဦး​ခေါင်း​ပေါ်​တွင် ဆီ​လောင်း​၍ ဘိ​သိက်​ခံ​လျက်​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဝတ်​ဆင်​ထား​သူ​ဖြစ်​သော​ကြောင့် ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​ဆံ​ပင်​ကို ဖား​လျား​မ​ချ​ရ။ မိ​မိ​၏​အ​ဝတ်​ကို​လည်း မ​ဆုတ်​မ​ဖြဲ​ရ။-

Psalms 37:7ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သော ဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။

Psalms 46:10ကိုယ်​တော်​က``တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​လော့၊ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း၊ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ဘု​ရား​ဖြစ်​တော်​မူ​သည်​ကို​သိ​မှတ်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

Jeremiah 16:5ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သည့် အိမ်​သို့​မ​ဝင်​ရ။ မည်​သူ အ​တွက်​မျှ​လည်း​ဝမ်း​နည်း​ပူ​ဆွေး​မှု​မ​ဖြစ် နှင့်၊ မ​သ​နား​နှင့်။ ငါ​သည်​သူ​တို့​အား​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော့​မည်​မ​ဟုတ်။ မေတ္တာ​က​ရု​ဏာ​ကို​လည်း​ပြ​တော့​မည် မ​ဟုတ်။-

Ezekiel 24:22ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 24:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 24:16ယေဇကျေလအနာဂတ္တိကျမ်း 24ယေဇကျေလအနာဂတ္တိကျမ်း 24:18 →