ယေဇကျေလအနာဂတ္တိကျမ်း 24:27
ထိုနေ့၌ပင်လျှင်သင့်နှုတ်သည်လည်းပွင့်လျက် ထိုသူနှင့်စကားပြောနိုင်လိမ့်မည်။ တိတ်ဆိတ် နေတော့မည်မဟုတ်။ ဤနည်းအားဖြင့်သင်သည် လူတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းကိုလည်း သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 24
Cross References
Psalms 51:15အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။
Ezekiel 3:27ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
Ezekiel 29:21``ထိုအမှုအရာများဖြစ်ပျက်လာသော အခါ ငါသည်ဣသရေလအမျိုးသားတို့ အားဦးချိုတည်းဟူသောခွန်အားကြီးစေ မည်။ ထိုနောက်အချင်းယေဇကျေလ၊ ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း လူအပေါင်းတို့သိရှိကြစေရန်သင့်အား ဟောပြောစေမည်''ဟုမိန့်တော်မူ၏။
Luke 21:15အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-