ယေဇကျေလအနာဂတ္တိကျမ်း 24:9
ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-
Common Language Bible
In The King James Version
Therefore thus saith the Lord GOD; Woe to the bloody city! I will even make the pile for fire great.
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 24
Cross References
Isaiah 31:9သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။
Ezekiel 21:3လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
Ezekiel 22:19သို့ဖြစ်၍သူတို့သည်ထိုသတ္တုရိုင်းများကဲ့သို့ ပင်အသုံးမဝင်သူများဖြစ်ကြောင်း ငါအရှင် ထာဝရဘုရားယခုမိန့်တော်မူခြင်းဖြစ်၏။ ငွေ၊ ကြေးဝါ၊ သံ၊ ခဲနှင့် သံဖြူပါဝင်သောသတ္တု ရိုင်းကိုဖိုထဲတွင်စု၍ထည့်သကဲ့သို့ ငါသည် သူတို့အားလုံးကိုယေရုရှလင်မြို့တွင်စုဝေး စေမည်။ မီးသည်သတ္တုရိုင်းကိုအရည်ပျော်စေ သကဲ့သို့ ငါ၏ဒေါသအမျက်သည်သူတို့ အားအရည်ပျော်စေလိမ့်မည်။-
Ezekiel 24:5အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ ကြေးအိုးအောက်တွင်မီးထင်းထည့်ကာ ရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။
Nahum 3:1တိုက်ခိုက်လုယူခံရန်ကြွယ်ဝ များပြားနေသည့်မြို့၊ လှည့်စားတတ်သူလူသတ်သမားမြို့သည် အမင်္ဂလာရှိ၏။
Luke 13:34``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-