ယေဇကျေလအနာဂတ္တိကျမ်း 26:12
ရန်သူများသည်သင်၏ဥစ္စာဘဏ္ဍာနှင့်ကုန် ပစ္စည်းများကိုသိမ်းယူကြလိမ့်မည်။ အုတ် နံရံများကိုဖြိုချ၍ သင်၏လှပသော အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။ သင်တို့ ၏ကျောက်များ၊ သစ်သားများနှင့်အိမ် အပျက်အစီးများကိုပင်လယ်ထဲသို့ ပစ်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
13သင်၏သီချင်းသံများ၊ စောင်းသံများကို ငါရပ်စဲစေမည်။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 26
Cross References
2 Chronicles 36:10နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
Isaiah 23:11ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။-
Isaiah 32:12သီးနှံကောင်းစွာထွက်သည့်လယ်ယာများနှင့် စပျစ်ဥယျာဉ်များသည်ပျက်စီးသွားပြီ ဖြစ်သဖြင့်လည်းကောင်း၊ ငါ့အမျိုးသား တို့၏မြေယာများကို ဆူးခြုံအမျိုးမျိုး ဖုံးလွှမ်းလျက်နေပြီဖြစ်သဖြင့်လည်းကောင်း၊ သင်တို့သည်ကြေကွဲဝမ်းနည်းလျက်မိမိတို့ ရင်ပတ်များကိုတီးခတ်ကြလော့။ ယခင် အခါကလူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ သည့်အိမ်များနှင့် စည်ကားသိုက်မြိုက်စွာရှိ နေခဲ့သည့်မြို့၏အတွက်ငိုကြွေးကြလော့။-
Ezekiel 26:5ပင်လယ်ရေဝိုင်းရံလျက်ရှိသောထိုကျောက် ၏အပေါ်တွင် ရေလုပ်သားတို့ပိုက်ကွန်များ ကိုလှန်းကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ လူ မျိုးတကာတို့သည်တုရုမြို့ကိုတိုက်ခိုက် လုယက်ကြလိမ့်မည်။-
Ezekiel 28:8သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။-
Hosea 13:15ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-