ယေဇကျေလအနာဂတ္တိကျမ်း 26:2
ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 26
Cross References
2 Samuel 5:11တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
Psalms 40:15ကွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်၍တုန်လှုပ်ချောက်ချားကြပါစေ သော။
Psalms 70:3ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက် အလွန်ကြောက်လန့်ကြပါစေသော။
Psalms 83:7ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
Jeremiah 47:4တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။