ယေဇကျေလအနာဂတ္တိကျမ်း 27:3
ထိုမြို့သည်ပင်လယ်ကမ်းစပ်တွင်ရှိ၍ ပင်လယ် ကမ်းခြေပေါ်တွင်ရှိသမျှသောမြို့တို့နှင့်ကုန် သွယ်ဘက်ဖြစ်၏။ သူ့အားအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့်ဆို လော့။ ``အချင်းတုရုမြို့၊ သင်သည်အပြစ်ဆိုဖွယ် မရှိအောင်လှပတင့်တယ်သည့်အတွက်ဝါ ကြွားတတ်၏။
Common Language Bible
In The King James Version
In Context
2``အချင်းလူသား၊ တုရုမြို့အတွက်ငိုချင်းကို ဖွင့်ဆိုလော့။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 27
Cross References
Proverbs 31:14ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
Isaiah 23:8ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။-
Ezekiel 26:17သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
Ezekiel 27:10``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
Ezekiel 28:12ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-
Revelation 18:11ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။-