ယေဇကျေလအနာဂတ္တိကျမ်း 28:13
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 28
Cross References
Genesis 2:8ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
Genesis 3:23ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။-
Exodus 28:17ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
Job 28:19ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
Isaiah 51:3``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။