The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 29 › ယေဇကျေလအနာဂတ္တိကျမ်း 29:5

ယေဇကျေလအနာဂတ္တိကျမ်း 29:5

ထို​နောက်​ယင်း​သို့​ကပ်​နေ​သည့်​ငါး​များ​နှင့် တ​ကွ သင့်​အား​နိုင်း​မြစ်​ထဲ​မှ​ဆွဲ​ထုတ်​ကာ၊ တော​ကန္တာ​ရ​၌​ပစ်​ထား​မည်။ သင်​၏​အ​လောင်း သည်​မြေ​ပေါ်​သို့​ကျ​လိမ့်​မည်။ သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​မည်​မ​ဟုတ်။ ငှက်​များ၊ တိ​ရစ္ဆာန် များ​၏​အ​စာ​ဖြစ်​စေ​မည်။-

Common Language Bible

In The King James Version

And I will leave thee thrown into the wilderness, thee and all the fish of thy rivers: thou shalt fall upon the open fields; thou shalt not be brought together, nor gathered: I have given thee for meat to the beasts of the field and to the fowls of the heaven.

In Context

4ငါ​သည်​သင်​၏​မေး​ရိုး​ကို​သံ​ချိတ်​ဖြင့်​ချိတ် ၍ သင်​၏​မြစ်​ထဲ​မှ​ငါး​တို့​ကို​သင့်​ကိုယ်​တွင် ကပ်​၍​နေ​စေ​မည်။-

6ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း အီ​ဂျစ်​ပြည်​သား​အ​ပေါင်း တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် သင်​သည်​ကူ​ရိုး​မျှ​သာ​ဖြစ်​၏။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 29

Cross References

Psalms 74:14ကိုယ်​တော်​ရှင်​သည်​ရေ​န​ဂါး​ကြီး​လေ​ဝိ​သန် ၏ ဦး​ခေါင်း​များ​ကို​ချေ​မှုန်း​တော်​မူ​၍ အ​သေ​ကောင်​ကို​တော​ကန္တာ​ရ​ရှိ​သား​ရဲ တိ​ရစ္ဆာန်​တို့​အား​စား​ရန်​ပေး​အပ်​တော်​မူ ပါ​၏။

Jeremiah 7:33လူ​သေ​အလောင်း​တို့​သည်​ငှက်​များ​နှင့်​တော သား​ရဲ​တို့​၏​အ​စာ​ဖြစ်​ကြ​လိမ့်​မည်။ ထို တိ​ရစ္ဆာန်​များ​အား​ခြောက်​လှန့်​နှင်​ထုတ်​မည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-

Jeremiah 16:4ထို​သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​လောင်း များ​ကို​လည်း​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို အ​လောင်း​တို့​သည်​မြေ​ပေါ်​တွင်​နောက်​ချေး​ပုံ များ​ကဲ့​သို့​ရှိ​နေ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် လျှင်​လည်း​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​သေ​ရ​ကြ​လျက် သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​များ ၏​အ​စာ​ဖြစ်​လိမ့်​မည်။''

Jeremiah 34:20ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-

Ezekiel 31:18အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

Ezekiel 39:4ဂေါ​ဂ​နှင့်​စစ်​သည်​အ​လုံး​အ​ရင်း​တို့​သည် လည်း​ကောင်း၊ သူ​၏​မ​ဟာ​မိတ်​တို့​သည်​လည်း ကောင်း​ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​ငှက်​ရဲ များ​နှင့်​တော​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 29:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 29:4ယေဇကျေလအနာဂတ္တိကျမ်း 29ယေဇကျေလအနာဂတ္တိကျမ်း 29:6 →