ယေဇကျေလအနာဂတ္တိကျမ်း 29:9
အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။'' ``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 29
Cross References
Proverbs 16:18မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
Proverbs 29:23မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
Ezekiel 28:2ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
Ezekiel 29:10ငါသည်သင်၏ရန်သူ၊ နိုင်းမြစ်၏ရန်သူ ဖြစ်၏။ မြောက်ဘက်ရှိမိဂဒေါလမြို့မှသည် တောင်ဘက်သုဏေမြို့တိုင်အောင်၊ ဆူဒန်နယ် စပ်အထိအီဂျစ်ပြည်တစ်ပြည်လုံးကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။-
Ezekiel 30:13အရှင်ထာဝရဘုရားက``ငါသည်နောဖ မြို့ရှိရုပ်တုများနှင့်ဘုရားအတုများကို ဖျက်ဆီးပစ်မည်။ အီဂျစ်ပြည်ကိုအုပ်စိုး မည့်သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည် မဟုတ်။ ငါသည်လူအပေါင်းတို့ကိုကြောက် ရွံ့ထိတ်လန့်စေမည်။-
Amos 6:13သင်တို့က လောဒေဗာမြို့ကိုသိမ်းပိုက်နိုင်ခဲ့ ကြောင်းကိုဝါကြွားလို၏။ သင်တို့သည်အလ ဟသဝါကြွားလို၏။ ``ငါတို့အင်အားဖြင့် ကာနိမ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီ'' ဟူ၍လည်း ဆိုကြ၏။