ယေဇကျေလအနာဂတ္တိကျမ်း 3:23
သို့ဖြစ်၍ငါသည်ချိုင့်ဝှမ်းထဲသို့သွားရာ ခေဗာမြစ်အနီးတွင်ငါဖူးမြင်ရသကဲ့ သို့ ထိုအရပ်တွင်ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုဖူးမြင်ရ၏။ ငါသည်မြေပေါ် သို့လှဲချပျပ်ဝပ်လိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 3
Cross References
Numbers 16:19ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
Joshua 5:14ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။ ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။
Ezekiel 1:3ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
Ezekiel 8:4ငါသည်ခေဗာမြစ်အနီးဗျာဒိတ်ရူပါရုံတွင်မြင်ရသည်နည်းတူ ဤအရပ်တွင်လည်းဣသရေလအမျိုးသားတို့၏ဘုရားသခင်၏ဘုန်းအသရေတော်ကိုမြင်ရ၏။-
Ezekiel 10:18ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။-
Ezekiel 44:4ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-