ယေဇကျေလအနာဂတ္တိကျမ်း 31:10
``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 31
Cross References
2 Chronicles 25:19အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
Job 11:11ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
Proverbs 18:12ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
Isaiah 14:13သင်သည်မိုးကောင်းကင်သို့အရောက်တက်၍ အမြင့်ဆုံးသောကြယ်များ၏အထက်တွင် မိမိ၏ရာဇပလ္လင်ကိုတည်ထားရန်သံန္နိဋ္ဌာန် ပြုခဲ့၏။ သင်သည်နတ်ဘုရားတို့စုဝေးရာ မြောက်အရပ်ရှိတောင်တော်ပေါ်တွင်ဘုရင် တစ်ပါးပီပီထိုင်နေရလိမ့်မည်ဟုထင်မှတ် ခဲ့၏။-
Ezekiel 31:14သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
Daniel 5:20သို့ရာတွင်သူသည်မာန်မာနထောင်လွှား ကာခေါင်းမာလျက် ရက်စက်စွာပြုကျင့်၍ လာသောအခါဘုန်းတန်ခိုးကွယ်ပျောက် ၍နန်းမှကျရလေပြီ။-