The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 31 › ယေဇကျေလအနာဂတ္တိကျမ်း 31:17

ယေဇကျေလအနာဂတ္တိကျမ်း 31:17

ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။

Common Language Bible

In The King James Version

They also went down into hell with him unto them that be slain with the sword; and they that were his arm, that dwelt under his shadow in the midst of the heathen.

In Context

16ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။-

18အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 31

Cross References

Nehemiah 3:17အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ သည်။ ဗာ​နိ​၏​သား​ရေ​ဟုံ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၍၊ ကိ​လ​နယ်​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ဟာ ရှ​ဘိ​သည် နောက်​တစ်​ပိုင်း​ကို​မိ​မိ​နယ်​ကိုယ် စား​တည်​ဆောက်​၏။

Isaiah 14:9``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-

Ezekiel 30:6ထာ​ဝ​ရ​ဘု​ရား​က``မြောက်​ဘက်​ရှိ​မိ​ဂ ဒေါ​လ​မြို့​မှ​သည်​တောင်​ဘက်​ရှိ​သု​ဏေ မြို့​တိုင်​အောင်​အီ​ဂျစ်​ပြည်​ဘက်​မှ​နေ​၍ ခု​ခံ​ကာ​ကွယ်​ကြ​သူ​အ​ပေါင်း​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​ဂုဏ်​ယူ​ဝါ​ကြွား​ရ​သော​တပ်​မ​တော် သည်​ပြို​ပျက်​သွား​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-

Ezekiel 31:3အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။

Ezekiel 32:20``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-

Mark 4:32စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 31:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 31:16ယေဇကျေလအနာဂတ္တိကျမ်း 31ယေဇကျေလအနာဂတ္တိကျမ်း 31:18 →