ယေဇကျေလအနာဂတ္တိကျမ်း 32:10
သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 32
Cross References
Exodus 15:14လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။
Deuteronomy 32:41ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
Jeremiah 51:9`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
Ezekiel 27:35``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
Zechariah 11:2အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။ သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။