ယေဇကျေလအနာဂတ္တိကျမ်း 32:15
အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 32
Cross References
Exodus 14:4ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
Psalms 9:16ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
Psalms 83:17သူတို့သည်အစဉ်အမြဲအရေးရှုံးနိမ့်လျက် ထိတ်လန့်ကြပါစေသော။ သူတို့သည်လုံးဝဂုဏ်အသရေပျက်လျက် သေကျေကြပါစေသော။
Ezekiel 6:7နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
Ezekiel 29:19သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်မှာ အီဂျစ်ပြည်ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ငါအပ်မည်။ သူသည်လုယက်တိုက်ခိုက်ကာအီဂျစ်ပြည် ၏ဥစ္စာဋ္ဌနရှိသမျှကို မိမိ၏တပ်မတော် အတွက်သိမ်းယူသွားလိမ့်မည်။-