ယေဇကျေလအနာဂတ္တိကျမ်း 32:18
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 32
Cross References
Psalms 30:9``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
Isaiah 14:15သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။
Jeremiah 1:10လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
Ezekiel 26:20ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။-
Ezekiel 31:16ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-
Ezekiel 32:12ငါသည်ရက်စက်သောလူမျိုးတို့၏စစ်သူရဲ တို့အားဋ္ဌားလက်နက်ကိုင်စွဲစေပြီးလျှင် သင် ၏ပြည်သားအပေါင်းကိုသတ်ဖြတ်စေမည်။ သင်၏လူအပေါင်းနှင့်သင်ဂုဏ်ယူဝါကြွား သမျှသောအရာတို့သည်ဖျက်ဆီးခြင်း ကိုခံရမည်။-