ယေဇကျေလအနာဂတ္တိကျမ်း 32:21
အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။''
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 32
Cross References
Psalms 9:17ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
Proverbs 14:32မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
Isaiah 14:9``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-
Ezekiel 32:19သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်သူတစ်ပါးထက်ပို၍ တင့်တယ်ကြသလော။ လူသေတို့၏ကမ္ဘာသို့ဆင်း၍အရေဖျား လှီးမင်္ဂလာ မခံသူတို့နှင့်အတူအိပ်ကြလော့။
Ezekiel 32:27သူတို့သည်လက်နက်အပြည့်အစုံကိုင်စွဲ လျက်မရဏာနိုင်ငံသို့ဆင်းသက်သူရှေး သူရဲကောင်းကြီးများကဲ့သို့ မိမိတို့၏ဋ္ဌား များကိုဦးခေါင်းအောက်တွင်လည်းကောင်း၊ ဒိုင်းလွှားများကိုရင်ပတ်ပေါ်တွင်လည်းကောင်း ထားရှိကာဂုဏ်ပြုသင်္ဂြိုဟ်ခြင်းကိုမခံရ ကြ။ သူတို့သည်အရေဖျားလှီးမင်္ဂလာမခံ သူအခြားကျဆုံးလေပြီးသော စစ်သူရဲ ကောင်းများနှင့်အတူလဲလျောင်းနေလေပြီ။ ဤသူရဲကောင်းများသည်အခါတစ်ပါး ကအသက်ရှင်သူတို့ကိုတုန်လှုပ်ချောက် ချားရန် ပြုလုပ်သည့်တန်ခိုးကြီးမားသူ များဖြစ်ခဲ့ကြ၏။