ယေဇကျေလအနာဂတ္တိကျမ်း 32:23
သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 32
Cross References
Job 28:13ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
Psalms 116:9သို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင် ဘုရားသခင်၏မျက်မှောက်တော်၌ သက်ရှင်လှုပ်ရှားလျက်နေရ၏။
Isaiah 14:15သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။
Isaiah 14:17မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
Isaiah 51:12ထာဝရဘုရားက၊ ``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။ မြက်ပင်တမျှသာအသက်ရှည်သူ သေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
Ezekiel 26:17သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။