ယေဇကျေလအနာဂတ္တိကျမ်း 33:15
ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
Exodus 21:34ပိုင်ရှင်အားတိရစ္ဆာန်အသေကောင်အတွက် လျော်ကြေးပေးဆောင်၍တိရစ္ဆာန်အသေ ကောင်ကိုပိုင်စေ။-
Exodus 22:26သင်သည်တစ်စုံတစ်ယောက်ထံမှခြုံထည် ကိုအပေါင်ပစ္စည်းအဖြစ်လက်ခံထားလျှင်၊ နေမဝင်မီသူ့အားပြန်ပေးရမည်။-
Leviticus 18:5ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
Deuteronomy 24:6``သင်သည်တစ်စုံတစ်ခုကိုချေးငှားသော အခါ စပါးကြိတ်ဆုံကျောက်များကိုအပေါင် ပစ္စည်းအဖြစ်လက်မခံရ။ ထိုသို့ပြုလျှင် ချေးငှားသူ၏အသက်ကို အပေါင်ခံခြင်း လက်ခံရာရောက်မည်။
Deuteronomy 24:17``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-
Job 24:3မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။