ယေဇကျေလအနာဂတ္တိကျမ်း 34:30
သူတို့၏ဘုရားသခင်ငါထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားကာ ကွယ်လျက်ရှိကြောင်း၊ သူတို့သည်ငါ၏လူ မျိုးတော်ဖြစ်ကြကြောင်းလူတိုင်းပင်သိရှိ ကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 34
Cross References
Psalms 46:11အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Ezekiel 14:11ဣသရေလအမျိုးသားတို့သည်ငါ့ကို ပစ်ပယ်၍ မိမိတို့ကိုယ်ကိုအပြစ်များဖြင့် မညစ်ညမ်းစေရန် ဤသို့ငါပြုမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည် လည်းသူတို့၏ဘုရားဖြစ်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
Ezekiel 34:24ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
Matthew 1:23ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။