ယေဇကျေလအနာဂတ္တိကျမ်း 34:6
သို့ဖြစ်၍ငါ၏သိုးတို့သည်တောင်များ၊ ကုန်းမြင့်များပေါ်တွင်လှည့်လည်၍နေရ ကြ၏။ သူတို့သည်ကမ္ဘာမြေတစ်ပြင်လုံး တွင်ပျံ့လွင့်လျက်ရှိကြ၏။ သူတို့အား ရှာဖွေသူ၊ ရှာဖွေရန်အားထုတ်သူတစ်ယောက် မျှမရှိ။
Common Language Bible
In The King James Version
In Context
7``အချင်းသိုးထိန်းတို့၊ ယခုထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 34
Cross References
Psalms 142:4ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
Jeremiah 5:1ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
Jeremiah 13:16သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Jeremiah 50:6``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။-
John 10:16ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
1 Peter 2:25သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဉ် တို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင့်သိုးထိန်းကြီးထံသို့ပြန်လည်ရောက် ရှိကြလေပြီ။