ယေဇကျေလအနာဂတ္တိကျမ်း 35:13
သင်သည်ငါ့အားဆန့်ကျင်ဘက်ပြု၍ အရမ်းကာရောကြွားဝါပြောဆိုသည် ကိုငါကြားတော်မူပြီ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 35
Cross References
Exodus 16:12``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
Numbers 14:27``ဤဆိုးယုတ်သောသူတို့သည်မည်မျှကာလ ပတ်လုံးညည်းညူလျက်ရှိကြမည်နည်း။ ဣသ ရေလအမျိုးသားတို့၏ညည်းညူသံကိုငါ ကြားရဖန်များလှပြီ။-
2 Kings 19:28သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
2 Chronicles 32:19သူတို့သည်ယေရုရှလင်မြို့သားတို့၏ဘုရားသခင်ကိုလူတို့လက်ဖြင့်ပြုလုပ်သောရုပ်တု များဖြစ်သည့်အခြားလူမျိုးတို့၏ဘုရား များနှင့်တန်းတူထား၍ပြောဆိုကြ၏။
Job 35:16ယောဘသည်အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။
Psalms 74:18သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။