ယေဇကျေလအနာဂတ္တိကျမ်း 36:15
ထိုပြည်သည်လူမျိုးတကာတို့ပြက်ရယ် ပြုသံကိုကြားရကြတော့မည်မဟုတ်။ မဲ့ရွဲ့ပြသည်ကိုလည်းတွေ့မြင်ရတော့မည် မဟုတ်။ ယင်းပြည်ကိုလည်းကျဆုံးစေတော့ မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
16ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Psalms 123:3ကျွန်တော်မျိုးတို့သည်လွန်မင်းစွာမထီမဲ့မြင် ပြုခြင်းကိုခံကြရပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးတို့အားသနားတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားသနားတော်မူပါ။
Isaiah 60:14သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
Ezekiel 34:29ငါသည်သူတို့အားမြေသြဇာကောင်း သည့်လယ်ယာများကိုပေး၍ ပြည်တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်ကင်းဝေး စေမည်။ အခြားလူမျိုးများသည်လည်း သူတို့အားအဘယ်အခါမျှပြောင်လှောင် ကြတော့မည်မဟုတ်။-
Ezekiel 38:18အရှင်ထာဝရဘုရားက``ဣသရေလပြည် ကိုဂေါဂချင်းနင်းဝင်ရောက်သောနေ့၌ငါ သည်အမျက်ဒေါသချောင်းချောင်းထွက် လိမ့်မည်။-
Zephaniah 2:8အနန္တတန်ခိုးရှင်ထာဝရဘုရား က ``မောဘပြည်သားများနှင့်အမ္မုန်ပြည် သားများသည်ငါ၏လူမျိုးတော်ကိုစော် ကားရန်စကြသည်ကိုလည်းကောင်း၊ သူ တို့၏ပြည်ကိုဝင်ရောက်သိမ်းယူရန်ကြွား ဝါလျက်နေသည်ကိုလည်းကောင်းငါ ကြားသိတော်မူလေပြီ။-
Zephaniah 3:19သင့်ကိုညှင်းပန်းနှိပ်စက်သူများအားငါ အပြစ်ဒဏ် ခတ်မည့်အချိန်ကာလကျရောက်လာလိမ့် မည်။ ငါသည်ခြေမစွမ်းမသန်သူအပေါင်းကို ကယ်ဆယ်၍၊ ပြည်နှင်ဒဏ်သင့်သူများကိုမိမိတို့ပြည်သို့ ခေါ်ဆောင်လာမည်။ သူတို့၏အရှက်ရမှုကိုဂုဏ်အသရေရှိမှု အဖြစ်သို့ပြောင်းလဲစေမည်။ ကမ္ဘာသူကမ္ဘာသားတို့သူတို့ကို ချီးကူးထောမနာပြုကြလိမ့်မည်။