The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 37 › ယေဇကျေလအနာဂတ္တိကျမ်း 37:6

ယေဇကျေလအနာဂတ္တိကျမ်း 37:6

သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And I will lay sinews upon you, and will bring up flesh upon you, and cover you with skin, and put breath in you, and ye shall live; and ye shall know that I am the LORD.

In Context

5ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။-

7ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ​သည့် အ​တိုင်း​ဟော​ပြော​၏။ ယင်း​သို့​ဟော​ပြော​နေ စဉ်​တ​ချွတ်​ချွတ်​မြည်​သံ​ကို​ငါ​ကြား​ရ​၏။ ထို​နောက်​အ​ရိုး​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု ဆက်​စပ်​သွား​ကြ​၏။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 37

Cross References

Deuteronomy 29:6သင်​တို့​တွင်​စား​စ​ရာ​အ​စာ၊ သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက်​မ​ရှိ​ခဲ့ ကြ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​အား​သွန်​သင်​ရန်​သင်​တို့​လို​သ​မျှ ကို​ပေး​တော်​မူ​သည်။-

Psalms 104:30သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​သူ​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​ကို​သွင်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဖန်​ဆင်း​ခြင်း​ခံ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကြီး​ကို အ​သစ်​တစ်​ဖန်​ရှင်​သန်​စေ​ပါ​၏။

Isaiah 49:23ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

Ezekiel 6:13လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။-

Ezekiel 7:9ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ သင့်​အား​ဒဏ်​ပေး​သူ​သည်​ငါ​ပင်​ဖြစ် ကြောင်း​ကို​လည်း​ကောင်း​သင်​သိ​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။

Ezekiel 11:12ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 37:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 37:5ယေဇကျေလအနာဂတ္တိကျမ်း 37ယေဇကျေလအနာဂတ္တိကျမ်း 37:7 →