ယေဇကျေလအနာဂတ္တိကျမ်း 38:16
ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အားမုန်တိုင်းသဖွယ်စစ်ဆင်တိုက်ခိုက် လိမ့်မည်။ အသင်ဂေါဂအချိန်ကျသော အခါငါ၏ပြည်ကိုတိုက်ခိုက်စေရန် သင့် အားစေလွှတ်မည်။ ဤနည်းအားဖြင့်ငါ သည်အဘယ်သူဖြစ်ကြောင်းလူမျိုးတကာ တို့အားသိရှိစေလိမ့်မည်။ သင့်ကိုငါပြု စေသောအမှုများအားဖြင့်လည်း ငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ပေါ်လွင်စေလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 38
Cross References
Exodus 14:18ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
1 Samuel 17:45ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-
Psalms 83:17သူတို့သည်အစဉ်အမြဲအရေးရှုံးနိမ့်လျက် ထိတ်လန့်ကြပါစေသော။ သူတို့သည်လုံးဝဂုဏ်အသရေပျက်လျက် သေကျေကြပါစေသော။
Isaiah 29:23သင်တို့သည်ငါပေးသနားမည့်သားသမီး များကိုတွေ့မြင်ကြရလိမ့်မည်။ ထိုအခါ ငါသည်ဣသရေလအမျိုးသားတို့၏သန့် ရှင်းမြင့်မြတ်သောဘုရားဖြစ်တော်မူကြောင်း သင်တို့သိမှတ်ကြလိမ့်မည်။ ငါ့အားလေးစား ကြည်ညိုကာရိုသေလေးစားကြောက်ရွံ့ကြ လိမ့်မည်။-
Ezekiel 36:23လူတို့ရှေ့တွင်သင်တို့အသရေဖျက်ခဲ့သော ငါ၏ကြီးမြတ်သည့်နာမတော်သည် အဘယ် မျှသန့်ရှင်းမြင့်မြတ်သည်ကိုလူမျိုးတကာ တို့အားငါပြသမည်။ ထိုနာမတော်သည် သင်တို့အသရေဖျက်သည့် ငါ၏နာမတော် ဖြစ်သည်။ သူတို့ရှေ့တွင်ငါသည်သန့်ရှင်းမြင့် မြတ်တော်မူကြောင်းသင်တို့အားဖြင့်သိ စေမည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
Ezekiel 38:23ဤနည်းအားဖြင့်ငါသည်ကြီးမြတ်၍သန့် ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုးတကာ တို့အားငါပြမည်။ ငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။